Civil Department


နိဒါန်း Introduction


နည်းပညာတက္ကသိုလ် (ပင်လုံ)၊ မြို့ပြအင်ဂျင်နီယာ ဌာနအား (၂၀၀၂-၂၀၀၃) ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်ထိ နှစ်ပေါင်း (၁၈)နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ စတင်ဖွင့်လှစ်သည်မှ (၂၀၁၈-၂၀၁၉) ပညာသင်နှစ်ထိ (B.E)ဘွဲ့ရ မြို့ပြအင်ဂျင်နီယာပေါင်း (၁၂၆)ဦး နှင့် (B.tech)ဘွဲ့ရ မြို့ပြအင်ဂျင်နီယာပေါင်း (၁၅၄)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ (၂၀၁၁-၂၀၁၂) ပညာသင်နှစ် တစ်နှစ်တွင်သာ မြို့ပြအင်ဂျင်နီယာ မဟာတန်း ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး မြို့ပြအင်ဂျင်နီယာ မဟာဘွဲ့ရ (၃) ဦး မွေးထုတ် ပေးနိုင်ခဲ့ ပါသည်။ ယခု (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် မြို့ပြအင်ဂျင်နီယာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၄၄ ) ဦး ပညာသင်ကြား လျက်ရှိပါသည်။ ယခု လက်ရှိ မြို့ပြအင်ဂျင်နီယာဌာနတွင် ဆရာမ စုစုပေါင်း (၁၂)ဦး တာဝန်ထမ်းဆောင် လျှက်ရှိပါသည်။ မြို့ပြအင်ဂျင်နီယာသင်တန်းတွင် ဘာသာရပ်ပေါင်း (၂၅) ဘာသာ သင်ကြားရမည်ဖြစ်ပြီး (၆) နှစ်သင်တန်း ဖြစ်ပါသည်။
The Department of Civil Engineering of the Technological University (PANGLONG) was established in the academic year (2002-2003) and has been operating for 18 years. From its inception to the (2018-1019) academic year, (126) Bachelor of Engineering graduates and (154) Bachelor of Technology graduates have been trained. Only one academic year (2011-2012) was opened to teach Master of Civil Engineering and (3) Master of Civil Engineering graduates were generated. In the current academic year (2019-2020), a total of (244) Civil Engineering students are studying. At present, there are (12) teachers working in the Civil Engineering Department. The Civil Engineering courses covers (25) subjects and is a (6) years courses.

မျှော်မှန်းချက် Vision


ကျင့်ဝတ်သိက္ခာ လေးစားလိုက်နာပြီး လူနေမှုဘဝအဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ဖန်တီးပေးနိုင်သော အရည်အသွေးပြည့်ဝသည့် မြို့ပြအင်ဂျင်နီယာကောင်းများ မွေးထုတ်ပေးနိုင်ရန် အတွက် လေ့ကျင့်သင်ကြားပျိုးထောင် ပေးနိုင်မည့် ဌာနတခု ဖြစ်လာစေရေး။
To be a department that can train, educate and nurture ethical qualified good civil engineers who can improve living standard of human beings.

ဆောင်ရွက်ရန် တာဝန် Mission


၁။ ဌာနတွင်း ဝန်ထမ်းများ အားလုံး၏ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်။
To execute high capacity of departmental functionary.

၂။ သင်ရိုးညွှန်းတမ်းများအပေါ်အစဉ် လေ့လာသုံးသပ်၍ စာတွေ့၊ လက်တွေ့ သင်ကြားခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများ၏ နားလည်နိုင်မှုနှင့် အရည်အသွေး မြင့်မားတိုးတက်စေရန်။
To carry out the improvement of competence and comprehensibility of students by teaching theory and practical and continuously observing on the curriculum.

၃။ နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ဒေသကို အကျိုးပြု ထောက်ပံ့ပေးနိုင်သည့် ကျင့်ဝတ်သိက္ခာကို လေးစားလိုက်နာတတ်သော အင်ဂျင်နီယာကောင်းများ မွေးထုတ်ပေးနိုင်ရန်။
To produce engineers who can benefit the nation and environment with self-respecting ethical dignity.

ဆောင်ပုဒ် Motto


“ကျင့်ဝတ် သိက္ခာ ဉာဏ်ပညာ မှသည် စွမ်းဆောင်ရည်သို့”
“Ethics, Intelligence, Ability”