Electrical Power Department


Introduction

နည်းပညာတက္ကသိုလ်(ပင်လုံ)၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနကို ၂၀၀၂-၂၀၀၃ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့သဖြင့် ယခုဆိုလျှင် ပညာသင်နှစ် (၁၆)နှစ် ရှိပါြပီ။ ပညာသင်နှစ် (၁၇) နှစ်တာကာလအတွင်း လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့ရ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၆၁) ဦး မွေးထုတ်​ပေးခဲ့ပါသည်။ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား၊ ​ကျောင်းသူစုစု​ပေါင်း (၁၉၉)ဦး တက်​ရောက် ပညာ သင်ကြားနေပါသည်။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့ရရှိရန်အတွက် တစ်နှစ်လျှင် Semester နှစ်ခုနှုန်းဖြင့် ​ခြောက်နှစ်တက်​ရောက်ရပါသည်။
နိုင်ငံ၏တိုးတက်​ရေးမှာလည်း လျှပ်စစ်သည် အ​ရေးကြီး​သောအခန်းကဏ္ဍမှ ပါဝင်​နေပါသည်။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်တွင် ဘာသာရပ်​အလိုက်​လေ့လာနိုင်ရန်အတွက် Power System, Electrical Machine, Power Electronics နှင့် Renewable Energy စသည်ဖြင့် အဓိက Field များခွဲထားပါသည်။ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်တွင် လျှပ်စစ်ကို မည်သို့ထုတ်ယူပြီး မည်သည့်​နေရာသို့ ဖြန့်ဖြူးမည်၊ Stable ဖြစ်​အောင် မည်သို့ထိန်းချုပ်ရမည်တို့ကို အဓိကထား သင်ကြား ရပါသည်။

မျှော်မှန်းချက်

နိုင်ငံသားတို့၏လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မရှိမဖြစ် လိုအပ်သည့် အရည်အသွေးပြည့်ဝသော လျှပ်စစ်စွမ်းအားအင်ဂျင်နီယာကောင်းများ မွေးထုတ်ပေးရန်။

VISION

To produce talented electrical power engineers who are essential for developing living standards or infrastructures.

လုပ်ငန်းတာဝန်

(၁) နည်းပညာတက္ကသိုလ်(ပင်လုံ)၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနမှ ဆရာ၊ ဆရာမများသည် အရည်အသွေးပြည့်ဝ၍ မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်နှင့် အရည်အချင်းရှိသောအင်ဂျင်နီယာကောင်းများ မွေးထုတ်ပေးရန်။
(၂) နည်းပညာတက္ကသိုလ်(ပင်လုံ)၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သော လျှပ်စစ်စွမ်းအားအင်ဂျင်နီယာများ ဖြစ်စေရန်။

MISSION

To be qualified teachers with self-confidence and to produce qualified engineers.
To be skillful electrical power engineers in their respective fields.

ဆောင်ပုဒ်

“လူနေမှုဘဝမြှင့်တင်ရေး လျှပ်စစ်စွမ်းအားဖြင့်ဆောင်ရွက်ပေး”


MOTTO

“Raise the Standard of Living with Electrical Power”